မိတ်ဆက်နှင့် နှုတ်ခွန်းဆက်
မင်္ဂလာပါခင်ဗျာ! ကျွန်တော့် အဖြူရောင်သံစဉ် ဒီဂျေ ရွှေပုပါခင်ဗျာ ။ ကျွန်တော့်ရဲ့ နာမည်အရင်းက စောဝင်းဖြိုး ပါခင်ဗျာ။ အသက်ကတော့ ၃၁ နှစ်ရှိပါပီခင်ဗျာ။။ ယခုလက်ရှိ အာရပ်စော်ဘွားများနိုင်ငံ၊ဒူဘိုင်းမြို့မှာ နေထိုင်၊ အလုပ်လုပ်ရင်းနဲ့ အဖြူရောင်သံဒီဂျေ တစ်ယောက်အဖြစ်တာဝန်ယူ လုပ်ကိုင်နေပါတယ်ခင်ဗျာ။ ကျွန်တော် အဖြူရောင်သံစဉ်ကို ၂၀၀၈ ခုနှစ် ၉ လပိုင်းမှာ စတင်ဒီဂျေ တာဝန်ယူခဲ့ပါတယ်။ အရင်က ကျွန်တော် အိုမန်နိုင်ငံမှာနေတာပါ အဲ့မှာ တုန်းက အဖြူရောင်သံစဉ်ကို သိပ်မသိသေးဘူး....နောက်မှ သူငယ်ချင်းတစ်ယောက်ကြောင့်အဖြူရောင်သံစဉ်ကို သိခဲ့တယ် ပထမဆုံး လေဒီယို နားထောင်ဖြစ်တယ်... ကျွန်တော် ပထမဆုံး လေဒီယိုနားထောင်ဖြစ်တာ ဒီဂျေဖြူ အလှည့်မှာပါ။ နောက်တော့ ချက်ရွှမ်းတွေ၊ဖိုရမ်တွေဝင် ဒီဂျေတွေ၊အဖွဲ့ဝင်တွေနဲ့ ရင်းနှီးပီးတော့ ကျွန်တော်လည်း ဒီဂျေ လုပ်ချင်လာတယ်....ဟီးးး နဂိုထဲကလည်း ဒီဂျေ ဝါသနာပါခဲ့လို့လေ...
.ဒါနဲ့ ကျွန်တော်ချက်ထဲကို အရင်ရောက်သွားတယ် ကျွန်တော်ချက်ထဲ ရောက်သွားတော့ ကိုနိုင်ကို ဒီဂျေလုပ်ချင်လို့ပါ လို့ပြောလိုက်တော့ ကိုနိုင်က ကျွန်တော်ကို ကွန်နက်ရှင်ကောင်းလားမေးတယ် ကျွန်တော်ကလည်း ကောင်းတယ်ပေါ့ အဲဒါနဲ့ကျွန်တော်ကို ဟိုအရင်ကဒီဂျေ (ခုတော့မရှိတော့ပါဘူး) တယောက်နဲ့ set-up တွေဘာတွေလုပ်ပြီး သူကပဲကျွန်တော့် ကိုအားလုံးသင်ပေးသွားခဲ့တယ်၊ နောက်ပြီး။ နောက်နေ့လည်းကြရော ကျွန်တော်ဒီဂျေ စလုပ်တာပဲ..ဟီး ဟီး အဲမှာပြသနာကစတော့တာပဲ ကျွန်တော်ရဲ့ ကွန်နက်ရှင်က မနိုင်တော့ သီချင်းတွေက ထစ်လိုက်ရပ်လိုက်လာလိုက်နဲ့စိတ်ကို ညစ်သွားတာပဲ တော်တော်လေး၊ အဲဒီအချိန်ကဆိုရင် ကျွန်တော်ဒီဂျေယူလိုက်တာ ၁နာရီကျော်ကျော် လောက်ကြသွားတယ် ဒီဂျေမေးလ်ကိုတောင် မဖွင့်လိုက်ရ ဘူးကွန်မနိုင်လို့ဟီး။ ဟဲဟဲ ခုတော့ ရှယ်ပဲ 2MB ရှိတယ် ... အဲ့တုန်းကတော့... ဒီဂျေ စလုပ်ခါစမှာ Listener က ၅၀ လောက်ဆိုတာ အများဆုံးပဲ ခုများတော့ ၂၀၀ မကျော်ရင်တောင် မကောင်းဘူး.... ၂၀၀ ကျော်အောင်ကြိုးစားနေရတယ် ... အဟီး။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော့်ဆီမှာ သီချင်းလားတောင်းဆိုတဲ့ သူများကို အကောင်းဆုံးနဲ့ အဆင်ပြေဆုံး ဖြစ်အောင် အမြဲကြိုးစားပြီး ထုတ်လွင့်ပေးသွား ပါ့မယ်ခင်ဗျာ။
အဖြူရောင်သံစဉ်မှ အကောင်းဆုံးမဟုတ်တောင် ကောင်းသထက်ကောင်းအောင် အစဉ်အမြဲကြိုးစား နေပါတယ်ဆိုတဲ့ အတိုင်း အခုဆိုရင် အဖြူရောင်သံစဉ် ဖိုရမ်၊ချက်ရွှမ်း၊MTV၊ အပြင် အခု အဖြူရောင်သံစဉ်လေဒီယို ဆိုက်အသစ်ကြီးကို အခုလို အပင်ပန်းခံပြီး နေ့မအားညမအား ပြုပြင်နေတဲ့ အကိုနိုင်ထွန်းနဲ့ တစ်ကွ အဖြူရောင်သံစဉ်တေးချစ် ပရိတ်သပ်များ၊ မိသားစုဝင်များ အားလုံးကို အထူးပဲကျေးဇူးတင် ရှိပါတယ်ခင်ဗျာ။ ။
ကျွန်တော်တို့ဘက်မှလည်း အကောင်းဆုံး မလုပ်နိုင်ရင်တောင်မှ အမြဲတမ်းကောင်းအောင် အဖက်ဖက်မှ ကြိုးစားနေပါတယ်ခင်ဗျာ ။ ။ အားလုံး လိုအင်ဆန္ဒတွေ တစ်ပွေ့တစ်ပိုက်ကြီး ပြည့်ဝနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ/
အချက် အလက်များ
ဒီဂျေ ရွှေပု အချက်အလက်အချို့ကို အဖြူရောင်သံစဉ်ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒီဂျေနှင့်မိတ်ဆွေဖွဲ့ရန်၊ ကိုယ်ရေးဖိုင်အပြည့်အစုံကို ကြည့်ရန် အခြားအသုံးပြုစရားများအသုံးပြုလိုပါက အဖြူရောင်သံစဉ် မိသားစုကဏ္ဍတွင် မိသားစုဝင်အဖြစ် ၀င်ရောင်အသုံးပြုနိုင်ပါသည်။:
- ရောက်ရှိနိုင်ငံ >> အာရပ်စော်ဘွားများ ပြည်ထောင်စု
- အဖွဲ့ဝင်အဆင့် >> အဖြူရောင်သံစဉ် ဒီဂျေ
- တာဝန်ယူအစီအစဉ် >> သတင်း အတိုအထွာနှင့် ဆောင်းပါး / ဘာသာရေး
- ရရှိထားသော ဆုများ >>ဆုမရှိ သေးပါ
- အဖွဲ့ဝင် သည့်နှစ် >>၂၀၀၈
- မိတ်ဆွေဖွဲ့ရန် >>ကိုယ်ရေးဖိုင်စာမျက်နှာ
အကောင်းဆုံးမဟုတ်တောင် ကောင်းအောင်တင်ဆက်နေသော အဖြူရောင်သံစဉ် ၀ိုင်းတော်သားများ
ဝေဖန် အကြံပေးချက် ရေးသား သူများသတိပြုရန်

အဖြူရောင်သံစဉ် အဖြူရောင်သံစဉ် အဖြူရောင်သံစဉ် အဖြူရောင်သံစဉ် အဖြူရောင်သံစဉ်