မိတ်ဆက်နှင့် နှုတ်ခွန်းဆက်
အားလုံးမင်္ဂလာပါ…ဒီဂျေမောင်မင်းကြီးသားပါ… လက်ရှိ US မှာနေပါတယ်…ကျနော် စာမျက်နှာကို လာရောက်လည်ပတ်တဲ့ အဖြူရောင်သံစဉ် တေးချစ်သူညီအစ်ကိုမောင်နှမ အားလုံးကို ဒီနေရာလေးက နေနှုတ်ခွန်းဆက်ပါတယ်….
အညာဆေးယော… ကိုရီးယားလိုပြောတာဟုတ်ဝူးနော်.. အညာကဆေးလာရောင်းတာ…ဟုတ်ကဲ့ပါ ကျနော်တို့ အဖြူရောင်သံစဉ် ရေဒီယိုကြီးကို အစဉ်မပြတ် အမြဲတမ်း အားပေးနားဆင် နေတဲ့ ညီအစ်ကိုမောင် နှမများအားလုံးကိုကျနော် မောင်မင်းကြီးသားက အထူးကျေးဇူးတင်လျက်ပါ…
နောက်ပြီးအဖြူရောင်သံစဉ် ဖိုရမ်၊ စကားဝိုင်း၊ ရုပ်ရှင်ဥယျာဉ်၊ တေးရုပ်သံ တို့ ကို လာလည်ဖို့ လဲ ဖိတ်ခေါ်ပါတယ်… သုတ၊ ရသ မျိုးစုံ တဲ့ အဖြူရောင်သံစဉ်ကြီးပါ…
ကျနော်ဒီဂျေလုပ်တဲ့အချိန် တွေမှာလဲ အားပေးနားဆင်ကြပါအုံး… သီချင်းတောင်းဆိုမှု့ များကို လည်းအတတ်နိုင်ဆုံးကြိုးစားရှာဖွေ ပြီး ဖွင့်ပေးသွားမှာပါ…ကျနော်တို့ ဒီဂျေညီအစ်ကိုမောင်နှမများကလည်း ၂၄နာရီပတ်လုံး အလှည့်ကျ အကောင်ဆုံးဝန်ဆောင်မှု့ တွေပေးနေတာပါ… စေတနာ၊ ၀ါသနာနဲ့  အရင်းခံပြီး အတတ်နိုင်ဆုံးအကောင်းဆုံး ဖြစ်အောင် ၀န်ဆောင်မှု့ တွေပေးနေပါတယ်… နောက်ပြီး လိုတဲ့အကူအညီများနဲ့ အကြံဥာဏ် ပြုချက်များကိုလည်း ကျနော် စာမျက်နှာ အောက်မှာ ဝေဖန်အကြံပြုချက်များ ပေးသွားနိုင်ပါတယ်။
နောက်ဆုံးတစ်ခုကတော့ ‘‘အဖြူရောင်သံစဉ်ကြီးအတွက် မောင်မင်းကြီးသား ထာဝရရှိနေမှာပါ…”
အဖြူရောင်သံစဉ် တေးချစ်သူ ညီအစ်ကိုမောင်နှမများအားလုံး ရေဒီယိုကသီချင်းတွေနားထောင် ရင်းတစ်နေ့ တာအမောများပြေပျောက်နိုင်ပါစေ လို့ မောင်မင်းကြီးသားကဆုတောင်းပေးပါတယ်…
ဒီဂျေ မောင်မင်းကြီးသား www.apytz.net
အချက် အလက်များ
ဒီဂျေ မောင်မင်းကြီးသား အချက်အလက်အချို့ကို အဖြူရောင်သံစဉ်ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒီဂျေနှင့်မိတ်ဆွေဖွဲ့ရန်၊ ကိုယ်ရေးဖိုင်အပြည့်အစုံကို ကြည့်ရန် အခြားအသုံးပြုစရားများအသုံးပြုလိုပါက အဖြူရောင်သံစဉ် မိသားစုကဏ္ဍတွင် မိသားစုဝင်အဖြစ် ၀င်ရောင်အသုံးပြုနိုင်ပါသည်။:
- ရောက်ရှိနိုင်ငံ >> အမေရိကန် ပြည်ထေင်စု
- အဖွဲ့ဝင်အဆင့် >> အဖြူရောင်သံစဉ် ဒီဂျေ
- တာဝန်ယူအစီအစဉ် >> တေးစီးရီး မိတ်ဆက် / တွေဆုံ မေးမြန်းခန်းများ
- ရရှိထားသော ဆုများ >>၂၀၀၉ အတွက် အကောင်းဆုံး ဒီဂျေဆု
- အဖွဲ့ဝင် သည့်နှစ် >>၂၀၀၇
- မိတ်ဆွေဖွဲ့ရန် >>ကိုယ်ရေးဖိုင်စာမျက်နှာ
အကောင်းဆုံးမဟုတ်တောင် ကောင်းအောင်တင်ဆက်နေသော အဖြူရောင်သံစဉ် ၀ိုင်းတော်သားများ
ဝေဖန် အကြံပေးချက် ရေးသား သူများသတိပြုရန်

အဖြူရောင်သံစဉ် အဖြူရောင်သံစဉ် အဖြူရောင်သံစဉ် အဖြူရောင်သံစဉ် အဖြူရောင်သံစဉ်