error
  • JFTP::connect: Could not connect to host "127.0.0.1" on port 21
  • JFTP::connect: Could not connect to host "127.0.0.1" on port 21
  • JFTP::connect: Could not connect to host "127.0.0.1" on port 21
  • JFTP::connect: Could not connect to host "127.0.0.1" on port 21
  • JFTP::connect: Could not connect to host "127.0.0.1" on port 21
အဖြူရောင်သံစဉ် ရေဒီယို
အကြောင်းအရာကို အမှတ်ပေးရန်
(7 votes)
ဒီဂျေ နှင်းအိဖြူ ဒီဇိုင်း >> နိုင်ထွန်း (အဖြူရောင်သံစဉ်)

မိတ်ဆက်နှင့် နှုတ်ခွန်းဆက်

အားလဲုးမင်္ဂလာပါရှင် ကျွန်မရဲ့ ဒီဂျေနာမည်လေးကတော့ နှင်းအိဖြူ ဖြစ်ပါတယ်။

ကျွန်မရဲ့နာမည်အရင်းကတော့ နှင်းအိဖြူ ဖြစ်ပါတယ်ရှင်။ ခင်မင်တဲ့သူငယ်ချင်းများကတော့ အိ လို့ပဲခေါ်ကျပါတယ် ။ ကျွန်မကတော့ ၁၉၉၀ ဇွန်လ ၂၈ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ် ။ ကျွန်မကတော့ ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်း မှာနေထိုင်ခဲ့ပါတယ်၊ ယခုလက်ရှိမှာတော့ အမေရိကန်ပြည်ထောင်စု (USA) နယူရောက် ပြည်နယ်မှာ နေထိုင်နေပါတယ်။ ရန်ကုန်မှာ ကျောင်းသူအနေနဲ့ ၉ တန်းထိအောင်မြင်ခဲ့ပါတယ်။ ယခုလက်ရှိမှာတော့ High School Senior Student တစ်ဦးဖြစ်ပါတယ် ။ အဖြူရောင်သံစဉ်အသင်းဝင်အဖြစ်အနေနဲ့တော့ ၂၀၀၈ သြောဂုတ်လ မှာစတင်ဝင်ရောက်ခဲ့ပြီးတော့ ၊ ဒီဂျေအဖြစ် အောတိုဘာလ မှာစတင်လုပ်ကိုင်ခဲ့ပါတယ်။ အဖြူရောင်သံစဉ်မှာ မိမိတို့လူမျိုးတူမြန်မာများနှင့်ဆုံတွေ့ရပြီး မိမိကြိုက်နှစ်သက်အားလဲုးမင်္ဂလာပါရှင် ကျွန်မရဲ့ ဒီဂျေနာမည်လေးကတော့ နှင်းအိဖြူ ဖြစ်ပါတယ် ။သောသီချင်းများနှင့် ပရိတ်သက်များ ကြိုက်နှစ်သက်သော တေးသီချင်းများကို ဖလှယ်ခွင့်ရရှိခဲ့တဲ့အတွက် အထူးပဲဝမ်းမြောက်ပြီး ပျော်ရွှင်စွာအဖြူရောင်သံစဉ်ရဲ့ရေဒီယို ကဏ္ဍလေးမှာ ဒီဂျေအဖြစ်နဲ့လုပ်ကိုင်လျှက်ရှိပါတယ်ရှင်။

ဒီဂျေ အတွေ့အကြုံ အနေနဲ့ကတော့ လုံးဝမရှိခဲ့ပါဘူး။ နှင်းအိရဲ့ ဒီဂျေလုပ်ဖြစ်ခဲ့ပုံလေးကတော့ ရယ်စရာကောင်းခဲ့သလို ငိုစရာလည်းကောင်းခဲ့ပါတယ် ။ ဒီဂျေ မဖြစ်ခင်တည်းက အဖြူရောင်သံစဉ်ရဲ့ဒီဂျေများထံမှာ သီချင်းများကိုတောင်းဆိုပြီး နားဆင်ခဲ့ပါတယ်။ ဒီဂျေ အလုပ်ကိုစိတ်ဝင်စားလားလို့ ကိုနိုင်ထွန်းက မေးခဲ့ဘူးပါတယ်။ အဲ့ဒီချိန်မှာတုန်းက နှင်းအိ ဒီဂျေလုပ်ချင်ပေမယ့် နှင်းအိ ရဲ့ကွန်ပျူတာ အကြောင်းကြောင်းကြောင့် နှင်းအိ ဒီဂျေတာဝန်ကို စမလုပ်ဖြစ်သေးခဲ့ပါဘူး ။ နှင်းအိ အဖြူရောင်သံစဉ် မှာ Help & Support အနေဖြင့်တာဝန်ယူရင်းနဲ့ နှစ်လအကြာမှာတော့ နှင်းအိဒီဂျေတာဝန် ကို လွှဲပြောင်းယူခဲ့ပါတယ် ။ အဲဒီမှ စတင်ပြီးတော့ ဒီဂျေတာဝန်များကိုထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ကြော်ငြာများ ၊အနောင့်စ်များ၊ ပရိုဂရမ်လေးများမှာ ပါဝင်ကူညီလုပ်ကိုနေပါတယ်။ အရင်တုန်းကတော့ ကိုယ့်ဆီမှာရှိတဲ့ သီချင်းများကိုများစုံလှပြီထင်မှတ်ခဲ့ပါတယ်၊

ဒီဂျေကိုစတင်လုပ်ကိုင်မှသာ မိမိမှာ သီချင်းတော်တော်များများလိုအပ်နေကြောင်းသိခဲ့ရပါတယ်။ဒီဂျေ စတင်လုပ်ခဲ့တဲ့ ၂ ရက် ၃ ရက်မှာ ပရိတ်သတ်များတောင်းဆိုထားသောသီချင်းများမှာ နှင်းအိ ဆီမှာမရှိခဲ့လို့ ဒီဂျေ မောင်နှမများဖြစ်တဲ့ ကိုဖလိုင်းကစ် ၊မောင်မင်းကြီးသား၊ လရိပ်မေ ၊ ပျားကလေး နှင့် မင်း တို့မှ သီချင်းများပေးပို့ပြီး ကူညီပေးခဲ့ပါတယ်။ ပရိုဂရမ်လေးတွေ စတင်ချိန်မှာ မြန်မာဖေါင့် မရိုက်တတ်တဲ့ နှင်းအိ အတွက်အခက်အခဲ ရှိခဲ့ပြီးဒီဂျေ လရိပ်မေ ၊ ဖြူ နှင့် ကိုနိုက်မဲ တို့မှအကူအညီများပေးခဲ့ပါတယ်။ ဒီဂျေ အချိန်ဇယားကိုအပင်ပန်းခံရေးဆွဲပေးသော Management မှညီအကိုမောင်နှမများနှင့် အဖက်ဖက်မှဝိုင်းဝန်းကူညီပေးခဲ့ကြသောညီအကိုမောင်နှများကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်….။ ဒါပေမယ့် ဒီဂျေစလုပ်တဲ့ပထဦးဆုံး ရက်တွေမှာ ပရိတ်သတ်များတောင်းသောသီချင်းများကို အလျှင်မှီစွာ မဖွင့်ပေးနိုင်ခဲ့သလို လူကလည်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် စိတ်လှုပ်ရှားခဲ့ပါတယ်၊ အရင်တောင်းထားတဲ့ လူများရဲ့ သီချင်းများကို မဖွင့်ပေးနိုင်ခင်မှာပဲ..၊ နောက်ထပ်လူတွေလူတွေက သီချင်းတောင်းတာတွေကထပ်ထပ်ပြီးတတ်လာတော့တော်တော်လေးကိုလက်မလယ်အောင်ဖြစ်ခဲ့ရပါတယ်… သေချာစဉ်းစားကြည့်လိုက်ရင် အရမ်းကိုရယ်စရာကောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကျင့်သားရပြီး အဆင်ပြေခဲ့ပါတယ်။ ဒီဂျေတယောက်အနေနဲ့ သီချင်းတွေစုံဖို့တင်မကဘူး..၊ စိတ်ရှည်တတ်ဖို့လိုတယ်ဆိုတာကိုလည်းသိလာတယ်…။ စိတ်သိပ်မရှည်တတ်တဲ့ နှင်းအိ အတွက် အခက်အခဲတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီဂျေ အတွေ့အကြုံ မှမဟုတ်ပါဘူး မည်သည့်အတွေ့အကြုံတွေမှာမဆို ပထမဦးဆုံးအတွေ့အကြုံများမှာ အခက်အခဲများရှိမယ်ဆိုတာတော့ထင်မိကြောင်းပြောကြားရင်နဲ့ နှင်းအိ ရဲ့ အဖြူရောင်သံစဉ် ဒီဂျေအတွေ့အကြုံလေးကတော့ ဒီမျှပါပဲရှင်….

ဒီဂျေ တယောက်အနေနဲ့ အဖြူရောင်သံစဉ်ရေဒီယိုကိုနားဆင်နေကြတဲ့ နားထောင်သူများအားလုံးကို အရမ်းကျေးဇူးတင်ပါတယ် ။ နှင်းအိဖြူ ဒီဂျေလုပ်နေစဉ်အတွင်းမှာ ပရိတ်သတ်များ အတွက် အကောင်းဆုံးမဟုတ်တောင်အတတ်နိုင်ဆုံးကောင်းအောင်ကြိုးစားသွားပါ့မယ်။ နှင်းအိဖြူ ဘက်မှာ အမှားအရွင်းများရှိခဲ့သော်လည်းကောင်း ပရိတ်သက်များ အပေါ်မှာ မရိုမသေ ပြုခဲ့မိရင်သော်လည်းကောင်း အထူးပဲ ခွင့်လွှတ်ပေးပါလို့တောင်းပန်အပ်ပါတယ်။ ရေဒီယို နားဆင်သူတွေ များနေတဲ့အချိန်မျိုးတွေမှာဆိုရင်လည်း အတတ်နိုင်ဆုံး တောင်းဆိုလာသမျှသီချင်းတွေကို ဖွင့်ပေးချင်ခဲ့ပေမယ့် တခါတလေမှာ မိမိတို့တောင်းဆိုလာတဲ့သီချင်းလေးတွေ မဖွင့်ပေးနိုင်ခဲ့ရင် နားလည်သည်းခံပေးဖို့ အနူးအညွတ်တောင်းပန်ချင်ပါတယ် ...။ နှင်းအိ ကို အဖတ်ဖတ်မှ ဝိုင်းဝန်းကူညီပေးခဲ့ကြသော ဒီဂျေ ညီအကိုမောင်နှမများ၊ အဖြူရောင်သံစဉ်မှ အဖွဲ့ဝင်များအားလုံးနှင့် နိုင်ငံ အရပ်ရပ်မှ အဖြူရောင်သံစဉ် ရေဒီယိုကို အားပေးနားဆင်နေကြသော ညီအကိုမောင်နှမများအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်....

ဒီဂျေ နှင်းအိဖြူ www.apytz.net


အချက် အလက်များ

ဒီဂျေနှင်းအိဖြူ အချက်အလက်အချို့ကို အဖြူရောင်သံစဉ်ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒီဂျေနှင့်မိတ်ဆွေဖွဲ့ရန်၊ ကိုယ်ရေးဖိုင်အပြည့်အစုံကို ကြည့်ရန် အခြားအသုံးပြုစရားများအသုံးပြုလိုပါက အဖြူရောင်သံစဉ် မိသားစုကဏ္ဍတွင် မိသားစုဝင်အဖြစ် ၀င်ရောင်အသုံးပြုနိုင်ပါသည်။:

  • ရောက်ရှိနိုင်ငံ >> အမေရိကန်ပြည်ထောင်စု
  • အဖွဲ့ဝင်အဆင့် >> အဖြူရောင်သံစဉ် ဒီဂျေ
  • တာဝန်ယူအစီအစဉ် >> အသံသွင်း
တေးချစ်သူပရိတ်သက်အပေါင်း အဖြူရောင်သံစဉ် ရေဒီယိုမှတင်ဆက်သော သီချင်းများနှင့် အစီအစဉ်များကို နားဆင်ခံစားပြီးအပန်းလည်းပြေ သုတများလည်းတိုးပွားပြီး သာယာချမ်းမြေ့သော ဘ၀များကိုပိုဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းများတောင်းလျက်....

အကောင်းဆုံးမဟုတ်တောင် ကောင်းအောင်တင်ဆက်နေသော အဖြူရောင်သံစဉ် ၀ိုင်းတော်သားများ

  • ဝေဖန် အကြံပေးချက် ရေးသား သူများသတိပြုရန်

ဝေဖန် အကြံပေးချက် ရေးသားမည့် အဖြူရောင်သံစဉ် အားပေးသူများအားလုံး ကွန်မန့်ပေးရာတွင် Special Character ကို ရှောင်ရှား၍ပေးကြပါရန် မေတ္တာရပ်ခံပါသည်။ Specail Character များပါလာခဲ့ပါက Server မှ အလိုအလျောက် ဝေဖန် အကြံပေးချက် အားပိတ်သွားသဖြင့် သတိထားပေးကြစေလိုပါသည်။

13 စာဖတ်သူများ၏ မှတ်ချက်များ

  • မှတ်ချက် ရေးရန် စိုးပြည့်အောင် DATE_FORMAT_LC2 ရေးသားသူ စိုးပြည့်အောင်

    သင်ရေးသား လိုသော အကြောင်းအရာ ရေးသားရန်...

  • မှတ်ချက် ရေးရန် ရဲသွေး DATE_FORMAT_LC2 ရေးသားသူ ရဲသွေး

    အိ ကိုယ်တောင်းချင်တဲ့သီချင်းလေးတစ်ပုဒ်ရှိတယ် ဖြစ်နိုင်ရင် အိကိုယ်တိုင်ပို့ပေးတာလိုချင်တယ် Mc လွမ်းပိုင်ရဲ့ အနားနားဘေးမှာ ဆိုတဲ့သီချင်းပါ ဒိလိုပြောလို့စိတ်ဆိုးမိလား စိတ်မဆိုးပါနဲ့ ကိုယ့်ရင်ထဲ၇ှိတဲ့အတိုင်းပြောတာပါ ကိုယ့်ကိုအဲဒီသီချင်းလေးပို့ပေးနိုင်ရင် ihatechocolate1@gmail.com ကိုပို့ပေးပါနော် အိအတွကိကိုယ့်အကောင့်က အမြဲတမ်းတံခါးဖွင့်ထားပါတယ်

  • မှတ်ချက် ရေးရန် မင်းအဂ(ဂ) မိုး DATE_FORMAT_LC2 ရေးသားသူ မင်းအဂ(ဂ) မိုး

    ၇ိုးသားတဲ့မျက်နှာလေးက
    လှပတဲ့ သံစဉ်လေးတွေကို မွေးဖွားပေးနေ .နိုင်တဲ့
    နှလုံးသားလေးတစ်ခု ပိုင်ဆိုင်တာကိုက
    ဂုဏ်ယူပါတယ်.......နှင်း
    သံစဉ်လှလှလေးတွေ...ထာဝရမွေးဖွားပေးနိုင်ပါစေနော်.......။

  • မှတ်ချက် ရေးရန် သူရ DATE_FORMAT_LC2 ရေးသားသူ သူရ

    အိငယ် လိုနေမယ် ထင်တဲ့ သီးချင်းတွေပေးချင်ပါတယ် ဘယ်လိုပေးရင် ရနိုင်မလဲ အဲဒါပဲ့ သိချင်တာပါ သူရ(မြိတ်)

  • မှတ်ချက် ရေးရန် နတ်မင်း DATE_FORMAT_LC2 ရေးသားသူ နတ်မင်း

    မနှင်းအိဖြူ ကျန်းမာပါစေ၊ ချမ်းသာပါစေ လို့ ပဏာမ ဆုတောင်းပေးလိုက်ပါတယ် အဖြူရောင်သံစဉ်မှ ထုတ်လွှင့်သော သီချင်းများကိုလည်း တစ်နေကုန်ဖွင့်ပြီး နားသောတဆင်လျက်ပါ ကျွန်တော်တစ်ခုတောင်းဆိုချင်တာက ယောကျားယူမယ် ဆိုတဲ့သီချင်းကို nutmin9@gmail.com ကို ပေးပို့ပေးပါလို့ တောင်းဆိုချင်ပါတယ် အဲဒီသီချင်းကို နှစ်သက်လွန်းလို့ တောင်းဆိုတာ အကြိမ်ကြိမ်ရှိပါပြီ တစ်ခါမှ မပို့ပေးသေးပါဘူးခင်ဗျာ
    အဖြူရောင်သံစဉ် အဓွန်ရှည် တည်တံ့ပါစေသောဝ်။

  • မှတ်ချက် ရေးရန် ဘုရင့်နောင် DATE_FORMAT_LC2 ရေးသားသူ ဘုရင့်နောင်

    မမ.
    လာလည်ပါတယ်နော်.
    ပျော်ရွှင်ပါစေ.....
    ဟိ့.........

  • မှတ်ချက် ရေးရန် nayminaung999 DATE_FORMAT_LC2 ရေးသားသူ nayminaung999

    မမနှင်း..စပါယ်ရှယ်ဒီဂျေဆုရရှိနိုင်ပါစေလိုဆန္ဒပြုပါတယ်။

  • မှတ်ချက် ရေးရန် ကိုကိုမောင် DATE_FORMAT_LC2 ရေးသားသူ ကိုကိုမောင်

    ကျွန်တော့် ကိုလည်း “ နဂါးနီ “ သီချင်း ဖွင့်ပေးပါအုံး
    နားမထောင်ရတာကြာနေပါပီ ငယ်ငယ်တုန်းကတော့ နားထောင်ဘူးပါတယ်။ ခုနားထောင်ချင်ပါတယ်။

  • မှတ်ချက် ရေးရန့် hanson shair DATE_FORMAT_LC2 ရေးသားသူ့ hanson shair

    ဟုတ်ကဲ့ကျွန်တောကြိုက်ပါတယ်အဖြူေ၇ာင်သံစဉ်လေလိုင်းကို
    နှင်းဆီဖြူနှင်ဆီဖြူရဲံအကောင့်လေးလိုချင်ပါတယ်
    သူနဲ့မိတ်ဆွေလေးဖြစ်ချင်လို့ပါခင်ဗျာ
    ကျေးဇူးပြုပြီးကျွန်တော်တော့ရဲ့တောင်ဆိုချက်လေးကိုမငြင်းလယ်လိုက်ပါနဲ့ဗျာ

  • မှတ်ချက် ရေးရန် နောက်တတ်သူ ကိုကိုချစ် DATE_FORMAT_LC2 ရေးသားသူ နောက်တတ်သူ ကိုကိုချစ်

    ချစ်စရာ ကောင်းမယ်ထင်တာ တခြားဆီပဲနော် ဟီးဟီး
    ဒီဂျေ ဖြစ်တာတော်တော်ပျော်နေတယ်ပေါ့ ဟီးဟီး
    အသံနဲ့  ရူပါနဲ့ တော့ တတ်တတ်စင်အောင်လွဲပါ့
    ရူပါလေးဘာလေးတင်ပါဦးဗျာ ဟီးဟီး

Start
Prev
1

မှတ်ချက် ရေးသားရန်

ဝေဖန် အကြံပေးချက်ရေးသားရာတွင် ကြမ်းတမ်းသော စကားလုံးများ ကိုယ်ရေးကိုယ်တာနစ်နာစေနိုင်သော အသုံးအနှုံးများ အပြင် အဖြူရောင် သံစဉ်နှင့် မသက်ဆိုင်သော အကြောင်းအရာများ ရေးခြင်းအား ရှောင်ရှားကြ ပါရန်အထူးမေတ္တာ ရပ်ခံအပ်ပါသည်။ အကယ်၍ ရေးသားထား သည်များကို တွေ့ရှိပါကလည်း ရေးသားသူအား အသိပေး အကြောင်းကြားခြင်းမရှိဘဲ ရေးသားချက်အား ဖျက်သိမ်းမည်ဖြစ်ကြောင်း အသိပေး အပ်ပါသည်။
(*) ပြထားသော ကွက်လပ်များကို မဖြစ်မနေ ဖြည့်စွတ်ရပါမည်။

ဆုရဒီဂျေများ (၂၀၁၀)

image အဖြူရောင်သံစဉ် အဖြူရောင်သံစဉ် အဖြူရောင်သံစဉ် အဖြူရောင်သံစဉ် အဖြူရောင်သံစဉ်

အဖြူရောင်သံစဉ် အဖြူရောင်သံစဉ် အဖြူရောင်သံစဉ် အဖြူရောင်သံစဉ်

Read More

imageအဖြူရောင်သံစဉ် အဖြူရောင်သံစဉ် အဖြူရောင်သံစဉ် အဖြူရောင်သံစဉ်

အဖြူရောင်သံစဉ် အဖြူရောင်သံစဉ် အဖြူရောင်သံစဉ် အဖြူရောင်သံစဉ်

Read More

အဖြူရောင်သံစဉ် ကဗျာများ

  • 1
  • 2

ဆက်သွယ်ရန်နှင့် အကူညီ

အဖြူရောင်သံစဉ်မှ အနုပညာရှင်များသို့ တောင်းပန်လွှာ

  • အဖြူရောင်သံစဉ်သည် မြန်မာပြည်သူ ပြည်သားများနှင့်တကွ အမိမြန်မာနိုင်ငံနှင့် ဝေးကွာနေ သောအဝေးရောက် မြန်မာလူမျိုး များအားလပ်ချိန်တွင် အပန်းပြေစေရန်နှင့် သုတ၊ရသများခံစား နိုင်စေရန် ရည်ရွှယ်၍ အဖြူရောင်သံစဉ် ၀ိုင်းတော်သားများမှ သီချင်းများကို အသုံးပြုသူများထံမှ အကျိုး အမြတ် တစ်စုံတရာရယူခြင်းမရှိပဲ (၂၄)နာရီ ပတ်လုံး စီစဉ်တင်ဆက် လျှက်ရှိပါသည်။
  • သို့ပါ၍ သီချင်းများကို တိုက်ရိုက် (သို့) သွယ်ဝိုက်ပါဝင် ပတ်သက်သော အနုပညာရှင်များနှင့် ထုတ်လုပ်သူများကို ကြိုတင်ခွင့်တောင်းခြင်းမရှိပဲ ထုတ်လွှင့်နေမှု့ကိုနားလည် ခွင့်လွတ်ပေးပါ ရန် အဖြူရောင်သံစဉ် ၀ိုင်းတော်သားများမှအနူး အညွန့်တောင်းပန်အပ်ပါသည်။

အဖြူရောင်သံစဉ် ရေဒီယို ရည်ရွယ်ချက်

  • နိုင်ငံတကာတွင် ဆရာတော်ကြီးများ ဟောကြားတော် မူသော တရားတော်များ၊ မြန်မာ့ ယဉ်းကျေးမှု့ဓလေ့ ထုံးတမ်းအစဉ်အလာ ဆိုင်ရာများကိုသိရှိပြီး နောင်လာ နောင်သားများ ထိမ်းသိမ်းတန်ဖိုး ထားလာစေရန် သုတရဖွယ် အစီအစဉ်များနှင့် ရသပေးဖျော်ဖြေ ရေး အစီအစဉ်များ တင်ဆက် နိုင်ရန်နှင့်...
  • မြန်မာပြည်သူပြည် သားများနှင့်တစ်ကွ အမိမြေနှင့်ဝေးကွာ နေ သော မြန်မာ လူမျိုးများ အားလပ်ချိန်မှာ အပန်းဖြေ ပျှော်ရွှင် ကြည်နူး စေသောတေးများနှင့် မြန်မာသံစဉ်တေးများကို တင်ဆက် နိုင်စေရန် ရည်ရွယ်ပါသည်။

အဖြူရောင်သံစဉ် ရေဒီယို တီဗွီ ၀ိုင်းတော်သားများ