
အဖြူရောင်သံစဉ် Talent နှင့် သက်ဆိုသော ပြိုင်ပွဲဝင်များ လိုက်နာရန် စည်းကမ်းချက်များ၊ သီချင်း ပေးပို့ရန် အသေးစိတ် နှင့် သီချင်းသီဆိုပုံ တည်းဖြတ်ပုံ အဆင့်ဆင့်နှင့် လိုအပ်သော Software များကို အသေးစိတ် သိရန်ဖော်ပြပေး ထားပါသည်။
အဖြူရောင်သံစဉ် Talent ပြိုင်ပွဲ စည်းကမ်းများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်.....
- ၁။ မိမိ ကြိုက်နစ်သက်ရာ သီချင်းကို သီဆိုနိုင်ပါသည်။
- ၂။ နိုင်ငံရေး ကင်းရှင်းသော သီချင်းနဲ့ ရိုင်းပြသော စာသားများ မပါဝင်ရပါ။
- ၃။ ပြိုင်ပွဲဝင်များ၏ သီချင်းများကို ကျင်းပရေးအဖွဲ့မှ စီစစ်ပြီးမှ ထုတ်လွှင့်မှာဖြစ်ပါသည်။
- ၄။ အနိုင်အရှုံးအား ပြိုင်ပွဲ အမှတ်ပေး စည်းမျဉ်း အတိုင်း ဆုံးဖြတ်သွားမှာ ဖြစ်ပါသည်။(အမှတ်ပေးစည်းမျဉ်း သေးစိတ်)
ပြိုင်ပွဲအား ပထမ ဒုတိယ အဆင့်သုံးဆင့်ခွဲပြီး ကျင်းပသွားမှာဖြစ်ပါသည်။
ပထမအဆင့်တွင် ပြိုင်ပွဲဝင်များထဲမှ ပထမ လျှောက်ထားသူ (၆) ယောက် ပါဝင်မှာ ဖြစ်ပြီး ပထမ အဆင့် ပြိုင်ပွဲဝင်လိုသူများ လိုက်နာရန် စည်းကမ်းများမှာ
- ၁။ ပြိုင်ပွဲဝင်လိုသူများ မိမိ ပြိုင်ပွဲဝင်လိုသော သီချင်းအမည်၊ မူရင်းသီဆို သူအမည်ကို ဒီပို့စ်တွင် ပို့စ်ပေးရပါမည်။
- ၂။ မိမိ သီဆိုထားသော သီချင်းဖိုင်၊ သီဆိုသူ၏ လက်ရှိနေထိုင်ရာ နိုင်ငံနှင့် အဖြူရောင်သံစဉ် ID (ID မရှိပါက လက်ရှိနေထိုင်ရာ နိုင်ငံ နဲ့နာမည်အရင်း)၊ မိမိ သီဆိုမည့်သီချင်း၏ မူရင်းအဆိုတော် နာမည် နဲ့သီချင်းခေါင်းစဉ် တို့ကို
CLOAKING
သို့အီးမေးလ်ဖြင့်ပေးပို့ရပါမည်။
- ၃။ သီဆိုထားသော သီချင်းကို မိမိ ကြိုက်နှစ်သက်ရာ Recorder နှင့် VCD player ကိုအသုံးပြုနိုင်ပါတယ်။ အသံသွင်းထားသော ဖိုင်မှာ mp3 (သို့) wma format ဖြစ်ရပါမယ်။ ဂီတာ အစရှိသော တူရိယာ များဖြင့်လည်း တီးခတ် သီဆိုနိုင်ပါသည်။ အသံကြည်လင် ပြတ်သားမှု မရှိသော သီချင်းများကို လက်ခံစဉ်းစား ပေးမည် မဟုတ်ပါ။
- ၄။ ပေးပို့လာသော သီချင်းများမှ အသံအရည်အသွေး။ Key အ၀င်အထွက်၊ အသံအနိမ့်အမြင့် အဆင်ပြေသော သီချင်း ပိုင်ရှင်များကို ပြိုင်ပွဲဝင် သူများအဖြစ် သတ်မှတ်ပြီး ပထမအဆင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ပြုမှာ ဖြစ်ပါသည်။ ပထမ အဆင့်ပြိုင်ပွဲ ၀င်သီချင်းများကို သက်မှတ်ထားသော ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရမှာ ဖြစ်ပါသည်။
- ၅။ ပထမအဆင့် ပြိုင်ပွဲကို အဖြူရောင်သံစဉ် Talent အစီအစဉ် ထုတ်ထွှင့်ချိန် များတွင် ထုတ်လွှင့်ပေးမှာ ဖြစ်ပါသည်။
ဒုတိယ အဆင့်
- ဒုတိယ အဆင့်မှာတော့ ပြိုင်ပွဲဝင် (၆) ယောက်အနက်မှ စကာတင် (၃) ယောက်ရွေးချယ်ပြီး ရွေးချယ်ခံရ သူအမည်များနှင့် သီချင်းများကို အဖြူရောင်သံစဉ် Talent အစီအစဉ် ထုတ်ထွှင့်ချိန် များတွင် ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ ထိုသို့ ရွေးချယ်ထားသော ၃ ယောက်ကို ကြေငြာပြီးသည်နှင့်.. ထို ရွေးချယ်ခံရသော ၃ ယောက်မှ ဒုတိယ အဆင့်ပြိုင်ပွဲဝင်ရန် နောက်ထပ် သီချင်းတစ်ပုဒ်ဖြင့် ထပ်မံ ပေးပို့ရမှာ ဖြစ်ပါသည်။
- ထပ်မံပေးပို့ထားသော ပြိုင်ပွဲဝင် (၃) ယောက်၏ သီချင်းများကို ဒုတိယအဆင့် ပြိုင်ပွဲအနေဖြင့် အဖြူရောင်သံစဉ် Talent အစီအစဉ် ထုတ်ထွှင့်ချိန် များတွင် ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ ထို (၃) ယောက်အနက်မှ ပထမ ဒုတိယ တတိယ ရရှိသူ ၃ ယောက်ကို ကြေငြာပြီး ဆုများ ချီးမြှင့်ပေးသွားမှာ ဖြစ်ပါသည်။ ချီးမြှင့်မည့် ဆု အသေးစိတ်ကိုတော့ ထပ်မံ ကြေငြာပေးပါမည်။
ပြိုင်ပွဲ ၀င်များအတွက် အမှတ်ပေး စည်းမျဉ်းများမှာ
- ၁။ အဖြူရောင်သံစဉ် ရေဒီယို နားဆင်သူများမှ မဲပေး ရွေးချယ်ခြင်း ၅၀%
- ၂။ အဖြူရောင်သံစဉ် စိစစ်ရေးအဖွဲ့မှ
- (က) အသံကြည်လင် ပြတ်သားမှု ၂၀ %
- (ခ) အသံအ၀င်အထွက်၊အနိမ့်အမြင့်မှန်ကန်မှု ၃၀ %
ရွေးချယ်ခံရသူများ၏ အမည်စာရင်းများကို အဖြူရောင်သံစဉ် ရေဒီယို စာမျက်နှာတွင် ကြေငြာပေးမည့်အပြင် အီးမေးလ်ပို့ပြီးလည်း အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက
CLOAKING
ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
- သီချင်းများ Record ရန်နှင့် တည်းဖြတ်ရန် အခက်ခဲများ ရှိပါက အဖြူရောင်သံစဉ် အောက်ပါ ဒီဂျေများ ထံတွင် အကူညီ တောင်းခံနိုင်ပါသည်။
- ၁။ ဒီဂျေ ရွှေပု (
CLOAKING
)
- ၂။ ဒီဂျေ မောင်မင်းကြီးသား (
CLOAKING
)
သီချင်းများ Record လုပ်ပုံ နှင့် တည်းဖြတ်ပုံ အဆင့်ဆင့် အသေးစိတ်
လိုအပ်သော Software များ Download ရယူရန်
download acoustica mixcraft
download sony sound forge
လိုအပ်သော Karaoke Video များ Download ရယူရန်
အဖြူရောင်သံစဉ် ဖိုရမ် မြန်မာ သီချင်း ဗွီဒီယိုများ
အဖြူရောင်သံစဉ် တေးနှင့် တေးရုပ်သံ ဥယျာဉ် မြန်မာ သီချင်း ဗွီဒီယိုများ
Online မှ သီချင်းပေးပို့ရန် ပုံစံ