မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ အဖြူရောင်သံစဉ် ၀ိုင်းတော်သားများမှ ဆုတောင်းပေးလိုက်ပါတယ်။ အဖြူရောင်သံစဉ် ရဲ့ ကဏ္ဍတခုဖြစ်တဲ့ ဖွယ်ဖွယ်ရာရာ ချက်နည်းပဒေသာမှ အားလုံးကို နွေးထွေးစွာ ကြိုဆိုပါသည်။ မြန်မာပြည်သူ ပြည်သားများနှင့် တစ်ကွ အမိမြေနှင့် ဝေးကွာနေသော အဝေးရောက် မြန်မာလူမျိုးများ အားလုံးအတွက် ချက်နည်း ကောင်းများကို ဒီကဏ္ဍမှာ တတ်နိုင်သလောက် စုစည်းတင်ဆက် ပေးသွားမည်ဖြစ်ပါသည်....။
ယနေ့ခေတ် ကာလသည် ဘ၀တွင် လူသားများအားလုံး မည်သို့ ကျန်းမာစွာ ရှင်သန် နေမည်နည်းဟူသော မေးခွန်းကို မှန်ကန်စွာ ဖြေဆိုနိုင်ရန် ကမ္ဘာနှင့်အ၀ှမ်း ကြိုးစား ရှာဖွေနေချိန်ဖြစ်သည်။ ထို့အတွက် အစားအစာကဏ္ဍသည် အရေးကြီးဆုံးအပိုင်း၊ အလေး ထားရဆုံးအခန်းမှ ပါဝင်လာပါသည်။ လူသားများအားလုံး အသက်ရှင် နေသမျှ ကာလပတ်လုံး အစားအစာနှင့် ကင်း၍မရနိုင်ပါ။ ထို့ကြောင့် မှန်ကန်သော အစားအသောက် ရွေးချယ်မှုများ၊ အာဟာရ ပြည့်ဝသော ဟင်းလျာ ချက်ပြုတ် နည်းများက ရှေ့တန်းသို့ ရောက်လာပါသည်။ ကျန်းမာရေး ရှုထောင့် အမြင့်ဖြင့်ရွေး ချယ်ချက် ပြုတ်ထားသော ဟင်းလျာသည် စားသုံးသူများကို ကျန်းမာ၊ သန်စွမ်း စေပါသည်။ ရောဂါဘယ များကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ ဤသို့မဟုတ်ဘဲ မိမိနေ့စဉ် စားသောက်နေသည့် အစား အစာများကို ကြုံသလို ဖြစ်သလို စားချင်သလို လျှောက်စားနေမည်ဆိုလျှင်တော့ ကျန်းမာရေးနှင့် မညီညွတ်နိုင်ပါ။
ထို့ကြောင့် အဖြူရောင်သံစဉ် အဖွဲ့ဝင်များမှ လက်လှမ်းမီသလောက် ဟင်းချက်နည်းလေးများကို ကျန်းမာရေးနှင့် ညီညွတ်အောင် စုစည်းထားသည့် ဖွယ်ဖွယ်ရာရာ ချက်နည်းပဒေသာ ကဏ္ဍသည် ကျန်းမာသန်စွမ်းလိုသူများအတွက် အထူးအကျိုးသက်ရောက်မှု ရရှိစေရန် ရည်ရွယ်ပါသည်။ အသား ငါး အသီးအရွက်များကို သင့်တင့်မျှတစွာ ချက်ပြုတ် စားနိုင်ရန် ဟင်းလျာအမျိုးပေါင်းစုံ နှင့် ဟင်းလျာ ဆန်းဆန်း လေးများကို ချက်နည်းနှင့်တကွ ရေးသား ဖော်ပြပေး သွားမည် ဖြစ်ပါသည်။ မြန်မာ အစားအစာ ဟင်းလျာ များကိုမှ ခံတွင်းတွေ့ နှစ်ခြိုက် သူများအတွက် ဖွယ်ဖွယ်ရာရာ မြန်မာဆန်ဆန် ဟင်းချက်နည်း ပြုတ်နည်းများကို ပါဝင်သည့် ပစ္စည်းအချိုးအဆ၊ ချက်ပြုတ်ပုံ အဆင့်ဆင့်နှင့်တကွ ရေးသားဖော်ပြ ချက်များကို ဝင်ရောက်ဖတ်ရှု နိုင်ရုံသာမက အရှေ့တိုင်း အစားအစာ၊ အနောက်တိုင်းအစားအစာ ချက်နည်းများကိုပါ တစ်စုတစ်စည်းတည်းဖြစ်အောင် မျှဝေပေးလိုက်သည်။


~~အဖြူရောင်သံစဉ် အဖွဲ့သားများ~~
  • ချက်ချိန်: (၀၀:၂၅) မိနစ်
  • ချက်ရန်: လွယ်ပါသည်။

ထန်းသီးမုန့်

  • ချက်ချိန်: (၀၀:၃၅)မိနစ်
  • ချက်ရန်: လွယ်ပါသည်။

က ကောက်ညှင်းဝက်အူချောင်း

  • ချက်ချိန်: (၀၀:၄၅)မိနစ်
  • ချက်ရန်: လွယ်ပါသည်။

ဆိတ်ကလီစာ ဆီပြန်

ချက်နည်း အမျိုးစားလိုက် ကဏ္ဍခွဲများ

အဖြူရောင်သံစဉ် Toolbar ရယူရန်Download APYTZ Tool Bar

အဖြူရောင်သံစဉ် စီမံသို့ ဆက်သွယ်

လက်ရှိ ဒီဂျေမှ သီချင်းတောင်းရန်

Gtalk တိုက်ရိုက် အကူအညီ

 

အဖြူရောင် သံစဉ်ကို ကိုနိုင်ထွန်း မှ (၂၀၀၇)ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး.. ကိုနိုင်ထွန်း ဦးဆောင် မှူ့နှင့် ကမ္ဘာ အရပ်ရပ် မှာရှိတဲ့ မြန်မာ လူငယ်များ မအားလပ် တဲ့ကြားမှ တတ်နိုင်သမျှအချိန်လုပ်အားများ ပေးဆပ်ပြီး မြန်မာပြည်သူ ပြည်သားများ နှင့်တစ်ကွ အမိ မြန်မာနိုင်ငံ နှင့် ဝေးကွာ နေသော အဝေးရောက် မြန်မာ လူမျိုးများ အားလပ်ချိန်မှာ အပန်းဖြေကြည်နူး ပျော်ရွှင် နိုင်စရာ နေရာလေး တစ်ခုဖြစ်ဖို့ အတွက် ၀ိုင်းဝန်း ကူညီ စီမံခန့် ခွဲနေပါတယ်.....